*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***

B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

၂ နှစ်အတွင်းမှာ လူမှုရေးပြဿနာတွေကလည်း တော်တော်များတယ်။ များတော့ ဒါကို အမြန်ဖြေရှင်းစေချင်တယ်

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်ဖြစ်ခဲ့သည်မှာ ဇွန်လ ၉ ရက်ဆိုလျှင် ၂ နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ၂ နှစ်အတွင်း အစိုးရနှင့်ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အို)တို့အကြား ဖြစ်ပွားခဲ့သော ရာနှင့်ချီသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်မှာ ၂ နှစ်ပြည့်တော့မည့်အချိန်တွင် တစ်သိန်းကျော်အထိရှိလာခဲ့လေသည်။ မေလ ၂၈ ရက်တွင်

“မြန်မာပြည်ပြန်ဖို့ ကျွန်တော့်စိတ်တွေလွန်ဆွဲနေတယ်”

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်နေထိုင်သော အသက် ၂၂ နှစ်အရွယ် ကိုမြတ်ကျော်သည် မလေးရှားနိုင်ငံ Balakang အရပ်ရှိ Cannon မိတ္တူစက်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်နေသည်။ ကိုမြတ်ကျော်သည် မလေးရှားနိုင်ငံသို့ လွန်ခဲ့သည့် ငါးလခန့်က ပွဲစားများမှတစ်ဆင့် တရားမ၀င်လမ်းကြောင်းဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို 7Day News က မလေးရှားနိုင်ငံတွင် တွေ့ဆုံစဉ်မေးမြန်းခဲ့ပါသည်။

ကချင်အထူးဒေသ(၁)လူမျိုးစုခေါင်းဆောင် ပြည်နယ်လွှတ်တော်အမတ် ဦးဇခုန်ယိန်းဆောင်နှင့်တွေ့ဆုံခြင်း

အမျိုးသားဒီမိုကရေစီသစ်တပ်မတော်(ကချင်) (NDA-K) သည် ၁၉၉၃ ခုနှစ်၌ အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်၊ အစိုးရနှင့် ပထမဆုံးလက်တွဲခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် နယ်ခြားစောင့်အသွင် ပြောင်းလဲခဲ့သည်။ လော်ဝေါ်၊ လာချိဒ်၊ လီဆူးလူမျိုးများ နေထိုင်လျက်ရှိသော ကချင်အထူးဒေသ(၁) အဖြစ် မြန်မာပြည်အရှေ့မြောက်ဖျားတောင်တန်း ဒေသတစ်ခွင်ကို ဆက်လက်တာဝန်ယူခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ပန်ဝါ၊ ဖီမော်၊ ကံပိုင်တည်၊ ချီဖွေစသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိရာ ဒေသလည်းဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် ကချင်အထူးဒေသ(၁)၏ နယ်ခြားစောင့်တပ် (၁၀၀၂)ကို ကေအိုင်အေတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ တပ်စွဲထားဆဲ ဖြစ်သည်။ ပညာရေးနှင့် ဖွံ့ဖြိုးရေးပိုင်းတွင်